What's happening?

Video Sources 207 Views Report Error

  • Watch traileryoutube.com
  • The Secret Agent (2025)Unknown resource
The Secret Agent

The Secret Agent

Brazil 1977, a time of great mischief.Jul. 23, 2025Brazil161 Min.R
Your rating: 0
0 0 votes
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

The Secret Agent (2025)

IMDb Rating (7.9) / Rotten Tomatoes (98%)

အကောင်းဆုံး နိုင်ငံခြားရုပ်ရှင် ရွှေကမ္ဘာလုံးဆုရထားတဲ့ကား လာပါပြီ။ နာမည်ကျော် ဒါရိုက်တာ Kleber Mendonça Filho ရိုက်ကူးထားတာဖြစ်ပါတယ်။

ဇာတ်လမ်းက ၁၉၇၇ ခုနှစ်၊ ဘရာဇီးလ်နိုင်ငံရဲ့ ၂၁ နှစ်ကြာ စစ်အာဏာရှင်စနစ် သက်တမ်းတစ်ဝက်လောက်မှာ အခြေခံထားပါတယ်။ ဘရာဇီး စစ်အာဏာရှင်ခေတ် (1964–1985)ရဲ့ အလယ်လောက်မှာ ဇာတ်အိမ်တည်ထားတာပါ။ ဇာတ်လိုက် Marcelo (Wagner Moura) က Volkswagen ကားလေးကို စီးပြီး Recife မြို့ကို ရောက်လာတယ်။ သူ ဘာလို့လာတာလဲ? ဘယ်သူမှ မသိဘူး။ ဇာတ်လမ်းကလည်း ချက်ချင်း အဖြေမပေးပါဘူး။

ဒီမြို့မှာ လူတွေက စကားကို တည့်တည့်မပြောကြဘူး။ တစ်ယောက်ယောက်က ချောင်းနားထောင်နေမှာကို ကြောက်နေကြရတာကိုး။ လူသတ်မှုတွေကလည်း နေရာအနှံ့ပါပဲ။ အစိုးရကို ဆန့်ကျင်လို့ အသတ်ခံရတာရှိသလို၊ လမ်းဘေး ရာဇဝတ်မှုတွေကြောင့် သေတာလည်း ရှိတယ်။ အဆိုးဆုံးကတော့ လူသတ်သမားတွေဟာ တစ်ဖက်သားကို သတ်ပြီးရင် ဘာမှမဖြစ်သလိုပဲ ညစာကောင်းကောင်းစား၊ အိပ်ရာဝင်နိုင်လောက်အောင် ယဉ်ပါးနေကြတဲ့ လောကကြီးတစ်ခုအဖြစ် ပုံဖော်ထားတာပါ။

အဲဒီလောကကြီးထဲမှာမှ အတိတ်ဆိုးတစ်ခုနဲ့လူတစ်ယောက်က သူ့သားလေးနဲ့ ဇာတ်မြှပ်ပြီးပြန်နေဖို့ ကြိုးစားနေတုန်းမှာပဲ၊ ကြေးစားနှစ်ယောက်က နောက်ကလိုက်လာပြီး လုပ်ကြံတဲ့အကြောင်းကို သမိုင်းနောက်ခံနဲ့ အခြား ဇာတ်ကောင်အပြိုင်ဘဝတွေနဲ့ အနုပညာမြောက်မြောက် ပုံဖော်ထားပါတယ်။

တချို့ဝေဖန်သူတွေက ဒီကားကို ဟိုတစ်စ ဒီတစ်စနဲ့ ဖန့်တီးလွန်းတယ်လို့ ဆိုကြပါတယ်။ ဥပမာ – ငါးမန်းဗိုက်ထဲကတွေ့တဲ့ ခြေထောက်တစ်ဖက်ကနေ သရဲပြန်ခြောက်တဲ့ အခန်းမျိုးပေါ့။ ဒါပေမဲ့ ဒါတွေက ဇာတ်လမ်းအစစ်အတိုင်း ယူဆရတာမဟုတ်ဘဲ နိမိတ်ပြပုံတွေနဲ့ ရိုက်ကူးထားတာမျိုးတွေပါပါတယ်။

ဒါရိုက်တာ Kleber ဟာ Bacurau နဲ့ Aquarius တို့လို ကမ္ဘာကျော်ဇာတ်ကားတွေကို ဖန်တီးခဲ့သူဖြစ်လို့ ဒီကားမှာလည်း ရုပ်ရှင်အနုပညာ အသားပေး ရိုက်ချက်တွေကို မြင်တွေ့ရမှာပါ။ The Secret Agent ဟာ ဒီနှစ်ရဲ့ အကောင်းဆုံးနဲ့ အထူးခြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ကြည့်လေလေ နက်နဲလေလေ ဖြစ်နေတဲ့ ဇာတ်ကားမျိုးပါ။

အဆုံးသတ်ကတော့ ကြည့်တဲ့သူကို တစ်ကမ္ဘာလုံးကနေခွဲထုတ်ပြီး တခြားတစ်နေရာကို ခေါ်သွားသလို ခံစားရပါလိမ့်မယ်။ ခေတ်စနစ်ဆိုးတစ်ခုရဲ့ အငွေ့အသက်တွေကို ရုပ်ရှင်အနုပညာနဲ့ ပေါင်းစပ်ပြီး အတွေ့အကြုံသစ်တစ်ခု ရချင်တယ်ဆိုရင်တော့ ဒီကားကို မဖြစ်မနေ ကြည့်သင့်ပါတယ်။

The Secret Agent
The Secret Agent
The Secret Agent
The Secret Agent
The Secret Agent
The Secret Agent
The Secret Agent
The Secret Agent
The Secret Agent
The Secret Agent
Original title O Agente Secreto
IMDb Rating 7.9 11,201 votes
TMDb Rating 7.9 156 votes

Director

Cast

Wagner Moura isArmando / Marcelo / Adult Fernando
Armando / Marcelo / Adult Fernando
Carlos Francisco isSeu Alexandre
Seu Alexandre
Tânia Maria isDona Sebastiana
Dona Sebastiana
Isabél Zuaa isThereza Vitória
Thereza Vitória

Similar titles

Parandhu Po
Nanban Oruvan Vantha Piragu
Nelma Kodama: The Queen of Dirty Money
Sky Force
Last Breath
Faultline
Crush
Elyas
Maranamass
The Intern: A Summer of Lust
Homestead
Room Service

Leave a comment

Name *
Add a display name
Email *
Your email address will not be published