What's happening?

Video Sources 473 Views Report Error

  • Watch traileryoutube.com
  • Nosferatu (2024)Unknown resource
Nosferatu

Nosferatu

Succumb to the darkness.Dec. 25, 2024United States | United Kingdom | Hungary133 Min.R
Your rating: 0
0 0 votes
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

ဒီရုပ်ရှင်ကတော့ ၁၉၂၂ တုန်းက ရိုက်ကူးခဲ့တဲ့ ဂန္ဓဝင်ဂျာမန်ဟော်ရာရုပ်ရှင်ကြီးကို ပြန်လည်ဖန်တီးထားတာပါ။ မူရင်းရုပ်ရှင်ကိုတော့ ကြောက်ဖို့အရမ်းကောင်းလို့ ဆွီဒင်နိုင်ငံမှာဆို ၁၉၇၂ အထိ ပိတ်ပင်ခံခဲ့ရတာပါ။ ဒါ့အပြင် မူရင်းရုပ်ရှင်ဟာ ဘရမ်စတုတ်ရဲ့ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကို မူပိုင်ခွင့်မတောင်းဘဲ မှီငြမ်းရိုက်ကူးခဲ့လို့ ဘရမ်စတုတ်ရဲ့ အမျိုးသမီးက တရားစွဲတာ ခံခဲ့ရပါတယ်။

လျော်ကြေးမပေးနိုင်လို့ ပရိုဂျူဆာတွေက ဒေဝါလီခံသွားပြီး ရုပ်ရှင်ရဲ့ ဖလင်နဲ့ မိတ္တူအားလုံးကို ဖျက်ဆီးဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့ မိတ္တူအချို့ ဖျက်ဆီးခံရတဲ့ဘေးကနေ လွတ်မြောက်သွားတာမို့ လိုင်းပေါ်မှာ ရှိနေပါတယ်။ အခု ၂၀၂၄ ဗားရှင်းကတော့ မူပိုင်ခွင့်ယူထားတယ်လို့ မကြေညာထားပေမဲ့ သီးသန့် သဘောတူညီချက်ရှိရင်ရှိမှာပါ။

နောက်ပြီးတော့ ဒရက်ကူလာဝတ္ထုဟာလည်း ထုတ်ဝေပြီး နှစ် ၅၀ အကြာမှာ အများသုံးမူပိုင်ခွင့်စာရင်းထဲ ပါဝင်လာပြီမို့ တရားတော့အစွဲမခံရလောက်ဘူးထင်ပါတယ်။

အခုရုပ်ရှင်ဟာ The Lighthouse 2019 ရဲ့ ဖန်တီးရှင် ရောဘတ်အက်ဂါ ရိုက်ကူးထားတဲ့ဖြစ်ပြီး သူ့ရဲ့လက်ရှိ အကောင်းဆုံးလက်ရာလို့ ပြောလို့ရပါတယ်။ နို့စ်ဖရာတူ ၁၉၂၂ ဟာ ရောဘတ် ဒါရိုက်တာဘဝမှာ အကြီးအကျယ်လွှမ်းမိုးခဲ့တဲ့ရုပ်ရှင်ဖြစ်တာကြောင့် ဒီလို အကောင်းဆုံး ပြန်ရိုက်ကူးနိုင်ခဲ့တာလည်း ဖြစ်မှာပါ။

သရုပ်ဆောင်တွေအနေနဲ့ကတော့ အယ်လာဟက်တာအဖြစ် ဂျွန်နီဒက်ရဲ့ သမီး လီလီ-ရို့စ် ဒက်၊ သောမတ်ဟက်တာအဖြစ် နီကိုလတ်ဟောက်ထ်၊ နယ်စားကြီး အောလော့အဖြစ် IT ထဲက လူပြက်ကြီး ဘေလ်စကားစဂတ်၊ ပါမောက္ခဖရန့်အဖြစ် ဝီလီယံဒဖိုးတို့ ပါဝင်ထားတာပါ။

ဇာတ်လမ်းအကျဉ်း

နို့စ်ဖရာတူ ဆိုတဲ့ စကားလုံးရဲ့ ဇစ်မြစ်ကတော့ ကွဲပြားနေတာအမျိုးမျိုးရှိပါတယ်။ ရိုမေးနီးယားဘာသာဖြစ်ပြီး ဗမ်ပိုင်းယား၊ ပလိပ်ကပ်ဘေး၊ သေမင်း စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပေမဲ့ ရိုမေးနီးယားစကားလုံးအစစ်ဟုတ်မဟုတ်၊ ဂျာမန်လား အခြားဘာသာလားဆိုတာ အတည်ပြုရခက်ပါသေးတယ်။

ဒီရုပ်ရှင်မှာတော့ သောမတ် နဲ့ အယ်လန်တို့က ကြင်စဦး ဇနီးမောင်နှံတွေပါ။ သောမတ်ဟာ ဆင်းရဲတာကြောင့် ငွေရှာဖို့ကြိုးစားရင်း နယ်စားကြီးအောလော့ဆီမှာ အိမ်စာချုပ်တစ်ခု သွားချုပ်ပေးဖို့ ကြုံလာပါတယ်။ သောမတ်တစ်ယောက် အောလော့ဆီကို ရောက်နေတုန်းမှာပဲ အယ်လန်ဟာ ညဘက်တွေ ယောင်တာ၊ လမ်းထလျှောက်တာ၊ အတက်ရောဂါတွေဖြစ်လာပြီး ဆရာဝန်တွေ ကုလို့မနိုင်လောက်အောင် ဆိုးရွားလာပါတယ်။

သောမတ်ကလည်း အောလော့ဟာ လူသားမဟုတ်တာကို သိပြီးထွက်ပြေးဖို့ ကြိုးစားရပါတော့တယ်။ အဲဒီအချိန်မှာပဲ ဝစ္စဘက်မြို့တစ်ခုလုံး ပလိပ်ကပ်ဘေးကြီးကျလာတဲ့အခါ ဂမ္ဘီရပညာတွေကိုလေ့လာနေတဲ့ သမားတော် ဗွန်ဖရန့်နဲ့ သောမတ်ဇနီးမောင်နှံတို့ဟာ နို့စ်ဖရာတူ ခေါ် နယ်စားကြီးအောလော့ကို နှိမ်နင်းဖို့ ကြိုးစားကြရပါတော့တယ်။

ဒီရုပ်ရှင်အတွက် ဘေလ်စကားစဂတ်ဟာ အော်ပရာအဆိုတော်တစ်ယောက်နဲ့ အောလော့အသံကို လေ့ကျင့်ခဲ့ပြီးမှ သရုပ်ဆောင်ခဲ့တာပါ။ ဝီလီယံဒဖိုးကလည်း ကြွက်အစစ် အကောင် ၂၀၀၀ နဲ့ ဇာတ်ဝင်ခန်းကို ပီပီပြင်ပြင် သရုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆုတွေ တစ်ပုံကြီးသိမ်းပိုက်ထားပြီး အော်စကာမှာလည်း ထိပ်ဆုံးကပြေးမဲ့ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။

ရောဘတ်အက်ဂါပိုင်တဲ့ ရုပ်ရှင်အလင်းအမှောင်နဲ့ ရိုက်ကွင်းအလန်းတွေ၊ အသံဖန်တီးမှုကောင်းတွေ၊ သရုပ်ဆောင်ကောင်းတွေအပြင် မူရင်းဟော်ရာမြင်ကွင်းတွေနဲ့ ခေတ်သစ်ဟော်ရာစတိုင်တွေကို ပေါင်းစပ်ထားတာမို့နို့စ်ဖရာတူ ၂၀၂၄ ဟာလည်း ဂန္ဓဝင်ဟော်ရာရုပ်ရှင်စာရင်းထဲမှာ သေချာပေါက်ပါလာမဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ အိပ်ရာခန်းအချို့နဲ့ ရက်စက်တဲ့အခန်းတွေ ပါဝင်တာကြောင့် မိသားစုနဲ့ကြည့်လို့တော့ သိပ်အဆင်မပြေလောက်ပါဘူး။

Nosferatu
Nosferatu
Nosferatu
Nosferatu
Nosferatu
Nosferatu
Nosferatu
Nosferatu
Nosferatu
Nosferatu
Original title Nosferatu
IMDb Rating 7.6 92,979 votes
TMDb Rating 6.699 3,339 votes

Director

Cast

Lily-Rose Depp isEllen Hutter
Ellen Hutter
Nicholas Hoult isThomas Hutter
Thomas Hutter
Bill Skarsgård isCount Orlok
Count Orlok
Aaron Taylor-Johnson isFriedrich Harding
Friedrich Harding
Willem Dafoe isProf. Albin Eberhart von Franz
Prof. Albin Eberhart von Franz
Emma Corrin isAnna Harding
Anna Harding
Ralph Ineson isDr. Wilhelm Sievers
Dr. Wilhelm Sievers
Simon McBurney isHerr Knock
Herr Knock

Similar titles

Love Me If You Dare
The Girl with the Needle
Taya
Mai
1987: When the Day Comes
New Life
Friendly Fire
M
Kill Command
Organ Child
Crazy Love
Vanangaan

Leave a comment

Name *
Add a display name
Email *
Your email address will not be published