What's happening?

Video Sources 71 Views Report Error

  • Watch traileryoutube.com
  • Hijacked (2025)Unknown resource
Hijacked

Hijacked

Our blood. Our sky.Sep. 19, 2025Vietnam118 Min.
Your rating: 0
0 0 votes
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Hijacked (2025)

IMDb Rating (7.4)

Action/Thriller ဇာတ်ကားကြိုက်သူတွေအတွက် ၁၉၇၀ ပြည့်လွန်နှစ်တွေက ဗီယက်နမ်လေကြောင်းလိုင်းတစ်ခုမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ပေးထားပါတယ်။

ဇာတ်လမ်းအကျဉ်း

စစ်ပွဲပြီးကာစကာလမှာ နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့် လူတွေက ပြည်ပကိုထွက်ပြေးဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားနေကြချိန်ပါ။ ဇာတ်လိုက်ကျော် Binh ကတော့ လေကြောင်းလုံခြုံရေးအရာရှိ (Air Marshal) တစ်ယောက်ပါ။ ဆိုင်ဂုံမှာရှိတဲ့ သူ့မိန်းမက မီးဖွားခါနီးမို့လို့ အချိန်မီရောက်အောင် ခွင့်ယူပြီး လေယာဉ်အမှတ် HVN-602 နဲ့ အိမ်ပြန်ဖို့ စီစဉ်ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ အဲ့ဒီလေယာဉ်ပေါ်မှာပဲ လောင် လို့ခေါ်တဲ့ ဦးဆောင်သူနဲ့ အပေါင်းအပါတွေက လေယာဉ်ကိုပြန်ပေးဆွဲပြီး နိုင်ငံခြားကို ထွက်ပြေးဖို့ ကြံစည်ကြပါတော့တယ်။

လေယာဉ်ပေါ်ရောက်ပြီး မကြာခင်မှာပဲ လောင် တို့အဖွဲ့က လေယာဉ်ကို စီးနင်းလိုက်ပါတယ်။ လေယာဉ်မယ် Trinh နဲ့ ခရီးသည်တွေကို ဓားစာခံထားပြီး လေယာဉ်မှူးအခန်း (Cockpit) တံခါးကို ဖွင့်ခိုင်းဖို့ ခြိမ်းခြောက်ပါတော့တယ်။ တစ်ဖက်မှာလည်း လေယာဉ်လမ်းကြောင်းလွဲသွားတာကို သိလိုက်ရတဲ့ မြေပြင်ကွပ်ကဲရေးစခန်းက လေယာဉ်ကို ပြန်မထိန်းချုပ်နိုင်ရင် တိုက်လေယာဉ် (MiG) နဲ့ ပစ်ချဖို့ အမိန့်ပေးထားပါတယ်။

မိန်းမက မီးဖွားခါနီးမို့ အိမ်ပြန်ချင်နေတဲ့ Binh တစ်ယောက် လေယာဉ်ပေါ်က ခရီးသည်တွေရဲ့ အသက်အန္တရာယ်နဲ့ သူ့မိသားစုကြား ဘယ်လိုရွေးချယ်မလဲ၊ လက်နက်မဲ့နေတဲ့ သူက ရက်စက်တဲ့ ပြန်ပေးသမားတွေကို ဘယ်လို ပြန်လည်တိုက်ခိုက်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

သမိုင်းနောက်ခံ အကြောင်းရင်းများ

(ဘာလို့ ထွက်ပြေးချင်ကြတာလဲ)

“လှေစီးဒုက္ခသည်များ” (Boat People) ဖြစ်ရပ်

၁၉၇၅ ခုနှစ် စစ်ပွဲပြီးဆုံးပြီးနောက် ဗီယက်နမ်ကွန်မြူနစ်အစိုးရသစ်လက်ထက်မှာ လူပေါင်းများစွာဟာ နိုင်ငံရေးနဲ့ စီးပွားရေး ဖိအားတွေကြောင့် တိုင်းပြည်ကနေ စွန့်ခွာထွက်ပြေးဖို့ ကြိုးစားခဲ့ကြပါတယ်။ အများစုက ငါးဖမ်းလှေအစုတ်လေးတွေနဲ့ ပင်လယ်ကိုဖြတ်ပြီး ထွက်ပြေးကြလို့ သူတို့ကို “Boat People” လို့ ကမ္ဘာက ခေါ်ခဲ့ကြပါတယ်။ ၁၉၇၈-၁၉၇၉ ကာလဟာ ထွက်ပြေးသူ အများဆုံးအချိန် ဖြစ်ခဲ့ပါတယ်။ နိုင်ငံတွင်းမနေချင်လို့ စက်လှေအစုတ်လေးတွေနဲ့ ထွက်ပြေးကြရင်း ပင်လယ်ပြင်မှာ မုန်တိုင်းမိ၊ ပင်လယ်ဓားပြတိုက်၊ ရေငတ်ပြီး သေဆုံးရသူတွေကတော့ UNHCR ရဲ့ ခန့်မှန်းချက်အရ ၂၀၀,၀၀၀ ကနေ ၄၀၀,၀၀၀ ကြား ရှိပါတယ်။ (ထွက်ပြေးသူ စုစုပေါင်းရဲ့ ၁၀% ကနေ ၅၀% လောက်အထိ လမ်းမှာ သေဆုံးခဲ့ကြတယ်လို့ ဆိုပါတယ်)။

“Re-education Camps” (နိုင်ငံရေးစခန်းသွင်း သင်တန်းပေးခြင်း)

အစိုးရသစ်က ယခင်တောင်ဗီယက်နမ်အစိုးရနဲ့ ပတ်သက်သူတွေ၊ စစ်ဘက်ဆိုင်ရာ အရာရှိဟောင်းတွေနဲ့ ပညာတတ်တွေကို ဖမ်းဆီးပြီး “Re-education Camps” လို့ခေါ်တဲ့ စခန်းတွေမှာ ထိန်းသိမ်းခဲ့ပါတယ်။ အဲ့ဒီစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်တာ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးတာ၊ ရောဂါဘယ ထူပြောတာနဲ့ ကာလအကန့်အသတ်မရှိ ထိန်းသိမ်းခံရတာတွေကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

ဇာတ်ကားထဲက ခေါင်းဆောင် လောင် ဟာ စစ်ကြောရေးမှူးဟောင်း ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်က ဒီသမိုင်းကြောင်းကို ရည်ညွှန်းတာပါ။

စခန်းသွင်းခံရသူ: ၁ သန်း ဝန်းကျင် ရှိခဲ့တယ်လို့ ခန့်မှန်းကြပြီး စခန်းတွင်း နှိပ်စက်ခံရမှု၊ ငတ်မွတ်မှုနဲ့ ရောဂါဘယတွေကြောင့် သေဆုံးသူ ၅၆,၀၀၀ ကျော် ရှိတယ်လို့ အမေရိကန်နဲ့ ဥရောပ သုတေသီတွေက ခန့်မှန်းထားပါတယ်။ (တချို့မှတ်တမ်းတွေမှာ ဒီထက်မက များနိုင်တယ်လို့ ဆိုပါတယ်) စစ်ပွဲပြီးကာစကာလမှာ လက်တုံ့ပြန်တဲ့အနေနဲ့ ကွက်မျက် ခံရသူတွေလည်း ရှိပါတယ်။ ဒါကိုတော့ ခန့်မှန်းခြေ ၆၅,၀၀၀ ကနေ ၁၀၀,၀၀၀ ကြား ရှိနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

စီးပွားရေးကျပ်တည်းမှု (New Economic Zones)

အစိုးရသစ်က မြို့ပြနေလူတန်းစားတွေကို “New Economic Zones” လို့ခေါ်တဲ့ တောမီးရှို့ လယ်ယာဖော်ထုတ်ရေး နေရာတွေဆီ အတင်းအဓမ္မ ရွှေ့ပြောင်းစေခိုင်းခဲ့ပါတယ်။ အဲ့ဒီနေရာတွေမှာ နေထိုင်ရခက်ခဲပြီး ငတ်မွတ်မှုတွေ ကြုံတွေ့ခဲ့ရတာကြောင့် လူတွေဟာ အသက်လုပြီး ထွက်ပြေးဖို့ ကြံစည်လာကြတာ ဖြစ်ပါတယ်။ ငှက်ဖျားမိတာ၊ အစာရေစာပြတ်လပ်တာနဲ့ ပင်ပန်းလွန်းလို့ သေဆုံးရသူ ၂၀,၀၀၀ ကနေ ၁၅၅,၀၀၀ ကြား ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ခြုံငုံကြည့်မယ်ဆိုရင် ၁၉၇၅ ခုနှစ် စစ်ပွဲပြီးဆုံးပြီးနောက်ပိုင်း ငြိမ်းချမ်းရေးရပြီဆိုတဲ့ ကာလမှာပဲ အကြောင်းမျိုးစုံကြောင့် လူပေါင်း ၄ သိန်းကျော်ကနေ ၁ သန်းကျော်အထိ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သမိုင်းပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

တကယ့်ဖြစ်ရပ်မှန်

ဒီရုပ်ရှင်ဟာ ၁၉၇၈ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ Vietnam Civil Aviation Flight 501 ပြန်ပေးဆွဲမှုကို တိုက်ရိုက်မှီငြမ်းထားတာပါ။ ဒါနန်း (Da Nang) ကနေ ဘွန်မသုတ် (Buon Ma Thuot) ကို ပြေးဆွဲတဲ့ လေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၆၀ လောက် ပါဝင်ပါတယ်။ ဇာတ်ကားထဲကအတိုင်းပဲ လက်တွေ့မှာလည်း ပြန်ပေးသမား ၄ ယောက် (တချို့မှတ်တမ်းများအရ ၆ ယောက်) ရှိပြီး လက်ပစ်ဗုံးတွေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။ သူတို့ရည်ရွယ်ချက်က နိုင်ငံခြားကို ထွက်ပြေးဖို့ပါ။ လေယာဉ်မှူးနဲ့ လုံခြုံရေးအရာရှိတွေရဲ့ ခုခံမှုကြောင့် ပြန်ပေးဆွဲသူတွေ အစီအစဉ် ပျက်သွားခဲ့ပါတယ်။ ပြန်ပေးသမားတွေက လက်ပစ်ဗုံးကို ဖောက်ခွဲခဲ့ပေမဲ့ လေယာဉ်ပျက်မကျဘဲ အရေးပေါ် ဆင်းသက်နိုင်ခဲ့ပါတယ်။

အမေရိကန်၏ အခန်းကဏ္ဍ

ဇာတ်ကားအစမှာ ပြထားတဲ့ ၁၉၇၇ ခုနှစ် သမ္မတ ဂျင်မီကာတာ လက်မှတ်ထိုးလိုက်တဲ့ ဥပဒေ (Public Law 95-145) ဟာ စစ်ဘေးဒုက္ခသည်တွေကို အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့် (Permanent Residence) ပေးမဲ့ ဥပဒေဖြစ်ပါတယ်။ ဒီဥပဒေကြောင့် ဗီယက်နမ်က ထွက်ပြေးချင်သူတွေအတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်လာပြီး စွန့်စားထွက်ပြေးမှုတွေ ပိုများလာစေခဲ့တာပါ။

ဇာတ်လမ်းအရ ပြန်ပေးသမားတွေဟာ လူဆိုးတွေ ဖြစ်ပေမဲ့ အဲဒီခေတ်အခါကတော့ ဝါဒမတူတဲ့ နှစ်ဘက်တိုက်ပွဲရဲ့ ရလဒ်လို့ပဲ ပြောရမှာပါ။ ခြုံပြောရရင်တော့ ဒီဇာတ်ကားဟာ သာမန်အက်ရှင်ကား သက်သက်မဟုတ်ဘဲ၊ ထိုခေတ်ကာလက ဗီယက်နမ်လူမျိုးတွေရဲ့ “မရေရာတဲ့ အနာဂတ်၊ ဖိနှိပ်ခံရမှုနဲ့ လွတ်မြောက်လိုစိတ်” ကို ထင်ဟပ်နေတဲ့ သမိုင်းမှန် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

Hijacked
Hijacked
Hijacked
Original title Tử Chiến Trên Không
IMDb Rating 7.4 10 votes
TMDb Rating 6.667 3 votes

Similar titles

Sisu: Road to Revenge
A Working Man
Legend
Organ Child
I
Follow
Beast of War
Superman
The Truth is Murky
The Man with the Iron Fists
The Ministry of Ungentlemanly Warfare
Hellboy

Leave a comment

Name *
Add a display name
Email *
Your email address will not be published