What's happening?

Video Sources 98 Views Report Error

  • Watch traileryoutube.com
  • Thi Baan The Series 2.1 (2018)Unknown resource
Thi Baan The Series 2.1

Thi Baan The Series 2.1

Feb. 22, 2018TH123 Min.NR
Your rating: 0
0 0 votes
xda77 ads banner

အကောင့်ဖွင့်ရန် ပုံအပေါ်သို့နှိပ်ပါ

xda77 ads banner

Synopsis

Thi Baan The Series 2.1 (2018)

ဒီဇာတ်ကားကတော့ ၂၀၁၈-ကထွက်ရှိထားတဲ့ ဟာသဆန်ဆန် ထိုင်းကားလေးပဲဖြစ်ပါတယ်။ ဟာသဆန်တယ်ဆိုပေမဲ့ အခုလက်တွေ့ဘဝမှာ ဖြစ်ပျက်နေကျ အကြောင်းအရာတွေကိုပဲ ရိုက်ကူးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ် ဇာတ်ကားမျိုးပါ။
တစ်နေ့တာ ပင်ပန်းမှုတွေကို ဒီကားလေးကြည့်ရင် အမောဖြေနိုင်မှာ အမှန်ပါပဲ။

ဇာတ်လမ်းအကျဉ်း

“အိုက်ခေ” ဆိုတဲ့ကောင်လေးဟာ အိမ်မီးလောင်တဲ့နေ့မှာပဲ သူ့ရဲ့မိခင်ကို ဆုံးရှုံးခဲ့ရပါတယ်။ မိခင်ဆုံးပြီး နောက်တစ်နေ့မှာသူကျောင်းတက်ကတည်းက အခုချိန်ထိတွဲခဲ့တဲ့ ကောင်မလေးဟာ မင်္ဂလာဆောင်သွားတဲ့အတွက် “အိုက်ခေ”ဟာ လောကဓံပေးတဲ့ ဒုက္ခတွေကို တစ်ချိန်တည်းမှာ တစ်ပြိုင်တည်း ခံစားခဲ့ရသူပါ။

ဒါကြောင့်လည်း “အိုက်ခေ” တစ်ယောက် လောကကြီးကို စိတ်ကုန်ပြီး ဘုန်းကြီးသွားဝတ်လိုက်ပါတော့တယ်။

“အိုက်ပေါန်” ဆိုတဲ့ကောင်လေးဟာလည်း ရွာအကြီးအကဲရဲ့သားဖြစ်ပေမဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို လိုလားနေတဲ့လူငယ်တစ်ဦးပါ။ သူ့ရဲ့ အိပ်မက်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်စတိုးဆိုင်ကိုဖွင့်ချင်ပေမဲ့ အဖွားဖြစ်သူက ဦးဇင်းဝတ်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒီလိုနဲ့ သူ့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ အိမ်ပေါ်ကဆင်းပြီး သူငယ်ချင်းဖြစ်သူ “အိုက်ခေ” ဘုန်းကြီးဝတ်နေတဲ့ကျောင်းမှာပဲ သွားနေခဲ့ပါတယ်။

တစ်ဖက်မှာလည်း “အိုက်ဟေ့ပ်” ဆိုတဲ့ အမျိုးသားဟာ အိမ်ထောင်သည်တစ်ဦးဖြစ်နေခဲ့ပါတယ်။ မိသားစုနဲ့အတူ မြေကွက်ဝယ်ဖို့ ထိုင်းကို တစ်ယောက်တည်းအရင်ပြန်လာပေမဲ့ ထိုင်းပြန်ရောက်တော့ “စွေ”ဆိုတဲ့ အမျိုးသမီးကို ချစ်ခင်စုံမက် ပေါင်းဖက်ခဲ့ပါတယ်။ ဒီလိုနဲ့ “အိုက်ဟေ့ပ်”ဟာ အိမ်ထောင်သည်တစ်ယောက်ဖြစ်ကြောင်းဖုံးကွယ်ရင်း အမျိုးသမီးဖြစ်သူ “စွေ” တစ်ယောက် ကိုယ်ဝန်ရလာခဲ့ပါတယ်။

ဒါကြောင့် လောကဓံပေးတဲ့ ဒုက္ခတွေကြောင့် ဘုန်းကြီးဝတ်သွားတဲ့ “အိုက်ခေ” တစ်ယောက် ဘာတွေဆက်ဖြစ်မလဲ။ မိသားစုကိုစွန့်လွှတ်ပြီး အိပ်မက်နောက်ကို လိုက်ခဲ့တဲ့”အိုက်ပေါ့န်” တစ်ယောက် သူ့အိပ်မက်တွေကို လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်ပါ့မလား? အလိမ်အညာတွေကြားမှာ မိသားစုတစ်စုကို တည်ထောင်ခဲ့တဲ့ “အိုက်ဟေ့ပ်”တစ်ယောက်ကရော အိမ်ထောင်စုနှစ်စုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်မလဲ? ဆိုတာ အတူစောင့်ကြည့်ရအောင်ပါ။

Thi Baan The Series 2.1
Original title ไทบ้านเดอะซีรีส์ 2.1
TMDb Rating 5 2 votes

Similar titles

Nosferatu
Dungeons & Dragons: Honor Among Thieves
Idiyan Chandhu
Detective of Joshidaikoji
Accidental Texan
Parthenope
Iron Dart
The Rip
Late Night Bookstore 4
Taxi Driver
Nobody
Big World

Leave a comment

Name *
Add a display name
Email *
Your email address will not be published